Wednesday, February 10, 2010

Talk with Pado David Thakabaw

ဦးဝင်းတင်နှင့် ပဒိုဒေးဗစ်သကဘော် စကားပြောခြင်း

ဖေဖေါ်ဝါရီလ (၁) ရက်။ RFA

http://www.naytthit.com/articals/2010/feb10/uwt&dtkp-feb9.html

ဦးဝင်းတင်။ ။ ကျနော် ဦးဝင်းတင်ပါ ပြောပါ။

ဒေးဗစ်သကဘော်။ ။ ကျနော် ဒေးဗစ်သကဘော်ပါ၊ ကျနော်ကတော့ ကေအဲန်ယူ ဒု-ဥက္ကဋ္ဌပေါ့လေ အခု ကျနော်တို့ တော်လှန်ရေးနေ့ ကတော့ ကျနော်တို့ဟာ နက်ဖြန်ခါ တော်လှန်ရေးနေ့လို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။

ဦးဝင်းတင်။ ။ အို နက်ဖြန်ခါ တော်လှန်ရေးနေ့

ဒေးဗစ်သကဘော်။ ။ ဟုတ်ကဲ့ (၆၁) ကြိမ်မြောက်ပေါ့ ၁၉၄၉-ခု၊ ဇန်န၀ါရီလ ၃၁ ရက် အဲဒီကနေစပြီး တွက်လိုက်တဲ့အခါမှာ (၆၁) နှစ် ကျနော်တို့ကရင့် တော်လှန်ရေးက တော့ အဲဒီတုန်းကတော့ ဟိုဟာရှိတာပေါ့လေ၊ ကျနော်တို့ ဧရာဝတီတိုင်းကို ကရင်ပြည် နယ်သတ်မှတ်ပေးဖို့ အဲသလိုတောင်းဆိုမှုရှိတယ်။ အဲဒါကိုတောင်းဆိုလွန်းတယ်ဆိုပြီး တော့ နောက်ပြီးတော့ အဲဒီ ဗိုလ်ချုပ်နေ၀င်းကလည်း အာဏာလိုချင်တဲ့အခါကျတော့ ကရင်ကို နှိမ်နင်းပစ်တယ်ပေါ့။

အဲဒီတော့ ဘာလုပ်လဲဆိုတော့ ကရင်-ဗမာ အဓိကရုဏ်းပုံစံမျိုး ဖန်တီးလိုက်တယ်။ ကပိုက်ဆောင်တပ်အနေနဲ့ ကျနော်တို့ ကရင်ရွာ တွေကို စပြီးတော့တိုက်တယ်။ တိုက်တာက ဘယ်မှာလဲဆို ပလော၊ ပလောက်ပေါ့၊ ဘိတ်၊ ထားဝယ် နယ်စပ်မှာဖြစ်ပါတယ်။ အဲဒီက နေပြီးတော့ ဇန်န၀ါရီလထဲမှာ အလုံ၊ ကရင်ရပ်ကွက်ကို ၀င်ပြီးတော့ မီးရှို့တယ်၊ နောက် သမိုင်းကိုမီးရှို့တယ်၊ နောက်ပြီးတော့ အင်းစိန် ကို (၃၁) ရက်နေ့မရောက်ခင်ပေါ့၊ (၃၀) ရက်အပါအ၀င်ပေါ့ ကရင် ရပ်ကွက်ကိုပစ်လား၊ ခတ်လား လုပ်တဲ့အခါမှာ (၃၁) ရက်နေ့မှာ က ရင်တွေက ရရာလက်နက်နဲ့ ထပြီးတော့ ကျနော်တို့ တိုက်ရတာပဲ။ အဲဒါကို ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်မှုဖြစ်တယ်။

ကရင်ရဲ့လှုပ်ရှားမှုက ငြိမ်းချမ်းတဲ့နည်းနဲ့ ကိုယ်အခွင့်အရေးရရှိရေး၊ အပေးအယူလုပ်ပြီးတော့ ပြဿနာများ ဖြေရှင်းရေးဆိုတဲ့ အခြေခံ ပါပဲ၊ ဒါပေမဲ့လို့ အဲဒီ ဗိုလ်ချုပ်နေ၀င်းက ကရင်လူထုနဲ့ ဗမာလူထု အဲဒီမှာနားလည်မှု မှားတယ်ဖြစ်အောင် အဲလို ရန်တိုက်ပြီးတော့ သူက ကျနော်တို့ကရင်ကို စတိုက်တော့တာပဲ။ အဲဒီမှာတခုပြောချင်တာကတော့ အင်းစိန်တိုက်ပွဲက (၁၁၁) ရက်ပေါ့။ တချို့ကလည်း (၁၂၂) ရက်လို့ပြောတယ်။ အဲဒီမှာ စောဘဦးကြီးကို ငြိမ်းချမ်းရေးအတွက်ခေါ်တယ်ပေါ့။ ရန်ကုန် ရောက်တဲ့အခါမှာတော့ ပြန်မလွှတ် ဘူး။ သွားပြီးအောင်သွယ်ပေးတာက အဲဒီတုန်းက သံရုံးက ပါကစ္စတန်ရယ်၊ အိန္ဒိယရယ်၊ နောက်ပြီးတော့ ဗြိတိသျှသံရုံးက အောင် သွယ်ပေးတယ် သူကလည်း ကြိုတင်သတ်မှတ်မှုမရှိပဲနဲ့ သူက အလောတကြီးသွားတာပေါ့လေ၊ ယုံယုံကြည်ကြည်နဲ့သွားတာ။

ဒါပေမဲ့လို့ ရန်ကုန်ရောက်တော့ ဦးနုကနေပြီးတော့ ခင်ဗျားတို့မပြန်နဲ့တော့ မလိုတော့ဘူး၊ အဲ လက်နက်ချဖို့ပဲရှိတယ်။ အဲဒီတော့ သူအ နေနဲ့က ဘာပြောရမယ်ဆိုတော့ ကျနော်မပြန်လို့ဘယ်ဖြစ်မလဲ၊ ကျနော်ပြန်ပြီးတော့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမှာဖြစ်တယ်။ ခင် ဗျားတို့က လက်နက်ချခိုင်းတာဆိုတော့ အဲဒီတော့မှပြန်ခိုင်းတယ်။ စောဘဦးကြီးတို့အဖွဲ့ ရန်ကုန်မှာ ရောက်နေတဲ့အချိန်မှာ နေ၀င်းက ဘာလုပ်လဲဆိုတော့ သူရဲ့ စစ်ကူတွေကို လှိုင်မြစ်တဖက်ကမ်းကနေပြီးတော့ အင်းစိန်အရှေ့မျက်နှာကိုပို့တာပေါ့ နေရာကောင်းကို ဘက် ယူတာပေါ့။

ကရင်တွေကလည်း ပစ်ရအခက်၊ မပစ်ရအခက် ဘာလို့လဲဆိုတော့ စောဘဦးကြီးဦးဆောင်တဲ့ အဖွဲ့က ဟိုး ရန်ကုန်မှာရောက်နေတယ် ဆိုတဲ့အခါကျတော့ အဲဒီလိုခံရတာပေါ့။ ကျနော်တို့ ကရင်ကတော့ရိုးသားတယ်၊ ဒါပေမဲ့ တဘက်က ဗိုလ်ချုပ်နေ၀င်းတို့က မရိုးသားတဲ့ ခြေလှမ်းနဲ့ အဲဒီလိုတော်လှန်ရေးမဖြစ် ဖြစ်အောင် သူတို့တမင်သက်သက်ဆွတယ်၊ နောက်ပြီးတော့ ကရင်ကိုအပြတ်ချေမှုန်းချင်တယ် ပေါ့။ နောက်ပြီးတော့ အမျိုးမျိုးစွပ်စွဲတာပေါ့ဗျာ၊ ကျနော်တို့က နယ်ချဲ့နောက်လိုက်တို့၊ နယ်ချဲ့ သစ္စာခံတို့၊ အမေကျော်၊ ဒွေးတော်လွမ်း တယ်၊ အဲဒါမျိုးတွေပေါ့။

ဦးဝင်းတင်။ ။ ဦးဒေးဗစ်၊ ဦးဒေးဗစ်ပြောတာ ကျနော်နားထောင်ဖူးပါတယ်နော်။ နောက်တခုက ကျနော်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ လည်း ကျနော်တို့ တော်တော်လေးဖတ်ဖူး၊ ကြားဖူး၊ မှတ်ဖူးပါတယ်၊ ကျနော်ကတော့ ဘယ်လိုပြောချင်လဲဆိုတော့ ကျနော်တို့ဗမာပြည် မှာလည်း ပြည်တွင်းစစ်ဖြစ်လာတာလည်း နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီပေါ့နော့်၊ ဒီနေ့အချိန်အထိ ပြည်တွင်းစစ်အခြေအနေက ဒီစစ်အစိုး ရရဲ့ လုပ်ကိုင်နေပုံနဲ့ဆိုလို့ရှိရင် ပြည်တွင်းအခြေအနေက ထပ်ပြီးတော့ မီးတောက်ဦးမယ့်အနေအထားတွေက ဆက်ရှိနေတယ်၊ အဲဒီ တော့ ကျနော်တို့ကတော့ ဘယ်လိုလဲဆိုတော့ ရှေ့လျှောက်ပြီးတော့ ပြည်တွင်းစစ်မီးမတောက်အောင် ကျနော်တို့ တားကြဖို့အလွန်အ ရေးကြီးတယ်။

အဲဒီဟာတွေအတွက် ကျနော်တို့ဟာ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးတွေ အပြည့်အ၀ရရှိရေးတို့ ဘာတို့လည်း ကျနော်တို့ တဘက်ကနေပြီးတော့ ကျနော်တို့ရှေ့ရှုဖို့လိုတယ်၊ အကောင်အထည်ဖေါ်ဖို့လိုတယ်။ တဘက်ကလည်း ကျနော်တို့ တိုင်းရင်းသားအ ရေး နားလည်ဖို့ တိုင်းရင်းသားအရေး ချစ်ကြည်ရေးတွေ ပြန်လည်တည်ဆောက်ဖို့၊ ပါတီနဲ့လူငယ်၊ နောက်တခုတော့ ဒီအခြေအနေ တွေ အားလုံးပေါ်လာအောင် နိုင်ငံရေးအခြေအနေတွေလည်း ဖန်တီးဖို့လိုတယ်လို့ ကျနော်တို့ သဘောရပါတယ်။ ဆိုတော့ ဦးဒေးဗစ် တို့က ဘယ်လိုများ သဘောထားတွေ ရှိလဲ၊ အဲဒါတွေကို ကျနော်တို့ ကြားချင်ပါတယ် ခင်ဗျား။

ဒေးဗစ်သကဘော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကတော့ ဒီ ကရင်လူမျိုး နောက်ပြီးတော့ တခြားလူမျိုးတွေပေါ့ဗျာ၊ ကျနော်တို့ အခြေခံအ ခွင့်အရေးရဖို့ အဲဒါ ငြိမ်းချမ်းတဲ့နည်းနဲ့ ကျနော်တို့ဖြေရှင်းချင်တယ်။ ကျနော်တို့ စစ်အစိုးရလုပ်နေသလို လူမျိုးမုန်းတီးရေးအခြေခံနဲ့ စစ် ရေးအရ တိုက်ခိုက်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းမှာမဟုတ်ဘူး၊ အာဏာရှင်စနစ် တည်မြဲရေးအတွက်ပဲ လုပ်တာ၊ အဲလိုလုပ်နေလို့က တော့ ငြိမ်းချမ်းမှာမဟုတ်၊ ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ၀င်တာ၊ မ၀င်တာထားလိုက်၊ ပြည်တွင်းမှာ လွတ်လပ်တဲ့၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလုပ်ပါ၊ NLD တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေပေါ့ဗျာ အနိုင်ရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရနိုင်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ အခုလို အာဏာတည်မြဲရေးသာ ဆက်လုပ်နေမယ်ဆိုရင်တော့ မဖြစ်တော့ဘူး။

ဦးဝင်းတင်။ ။ ကျနော်ကတော့ ဘယ်လိုစဉ်းစားတယ်ဆိုတော့ ကျနော်တို့ စောစောက ဦးဒေးဗစ်ပြောတဲ့အထဲမှာပါတဲ့ ဒီ လူမျိုးမုန်းတီး ရေးတို့ ဘာတို့ဆိုတာတွေက နှစ်ပေါင်းများစွာဖန်တီးခဲ့တဲ့ကိစ္စပေါ့ဗျာ ဒါကတခုပေါ့။ နောက်တခါ ကျနော်တို့ လူ့အခွင့်အရေးတို့ဘာတို့ ယှဉ်တွဲမြင်ကြည့်တာက တခုပေါ့၊ နောက်တခုကလည်း အခုနက ဒီမိုကရေစီအလားအလာတွေကို လာမည့်ရွေးကောက်ပွဲတို့ဘာတို့ ကိစ္စတွေမှာ ဒီမိုကရေစီ အလားအလာသစ်များပေါ်ထွန်းအောင် လုပ်ဖို့ဆိုတဲ့ သဘောထားတွေ ကြားရတဲ့အတွက် ကျနော်တို့ မူအား ဖြင့်သဘောတူပါတယ်၊ အဓိကပြဿနာက ဒီနေ့ အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့၊ အခြေခံတွေရှာဖို့ လက်တွဲနိုင်ဖို့၊ အဲဒါကအဓိကအ ကျဆုံး လို့ကျနော်ထင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဦးဒေးဗစ်တို့ရဲ့သဘောထား အမြင်ကိုလည်း ကျနော်တို့ ကြားချင်ပါတယ်ခင်ဗျား။

ဒေးဗစ်သကဘော်။ ။ ဟုတ်ကဲ့ ကျနော်တို့ကတော့ ဒီ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ပေါ်ထွန်ရေးပေါ့။ ဥပမာ၊ ဆွစ်ဇာလန်မှာလို ကျနော် တို့ လူလေးမျိုးရှိတယ် ဟုတ်လား၊ အဲဒီမှာ ပြည်နယ်ပေါင်း ၂၃ ပြည်နယ်ထင်ပါတယ် အဲဒီလောက်ရှိတယ်ပေါ့၊ အဲဒီလို အခြေခံမျိုးပေါ့၊ ကျနော်တို့ ဒီမှာလုပ်ရင်ရမယ်လို့ထင်ပါတယ်။ အဲဒီလို ကျနော်တို့ စီစဉ်မယ်ဆိုရင် အားလုံးငြိမ်းချမ်းသွားပါမယ်။ နောက်ပြီးတော့ စစ်အ စိုးရက စစ်အင်အားမသုံးနဲ့ ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ အပေးအယူလုပ်ပြီးတော့ ရှင်းလင်းအဖြေရှာမယ်ဆိုရင် ငြိမ်းချမ်းမှုဖြစ်မှာပဲ။ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ လှုပ်ရှားတာ ကျနော်တို့ထောက်ခံတယ်၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာက ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာဖြေရှင်းရေး၊ ပြဿနာဖြေရှင်းတဲ့အခါမှာလည်း ကျနော်တို့အပေးအယူလုပ်ပြီးတော့ ဖြေရှင်းရမယ်ဆိုတဲ့ ဒီမိုကရေစီ အ ခြေခံရှိပါတယ်။

ဦးဝင်းတင်။ ။ ကျနော်တို့ အမှန်အတိုင်းပြောရရင်တော့ အဓိကအားဖြင့်ကတော့ ဘာလဲဆိုလို့ရှိရင် ဒီအခြေခံဥပဒေပဲ ခင်ဗျား။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်လည်း အဟန့်အတားဖြစ်တယ်၊ နောက်တခါ ကျနော် တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ထူထောင်ရေးနဲ့ ပတ်သက်လို့လည်း အဟန့်အတားဖြစ်စေတယ်၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ လည်း အခြေခံတွေဖြစ်နေတယ်။ နောက်တခါ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေအတွက်လည်း ပြဿနာဟာ ဒီအခြေခံဥပဒေ ပဲ ခင်ဗျား။

အဲဒါကြောင့် ကျနော်တို့ကတော့ ဒီနေ့ဗမာပြည်ရဲ့ လက်ရှိ လက်ငင်းဖြစ်ပေါ်နေတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေက ဘာလဲဆိုတော့ ဒီ အခြေခံဥပဒေ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပေးဖို့ အထူးသဖြင့်ကတော့ ဒီမိုကရေစီစံနှုန်းများနဲ့ မညီတဲ့အချက်များကိုဖယ်ရှားပေးဖို့ ဆိုတာ ဒါကို ကျနော်တို့ အဓိကထားလို့ ပြောနေပါတယ်၊ ဥပမာ ကျနော်တို့ NLD ဆိုလို့ရှိရင် ရွှေဂုံတိုင် ကြေငြာစာတမ်းဆိုပြီး ကျနော် တို့ ထုတ်ထားပါတယ်။

အဲဒီထဲမှာ ကျနော်တို့ ဒီတောင်းဆိုချက် ငါးချက်တောင်းထားတယ်၊ အကြီးဆုံး အချက်နှစ်ချက်ကတော့ ဘာလဲဆိုတော့ အခြေခံ ဥပဒေကို ပြင်ပေးဖို့နဲ့ အဲဒီလိုပြင်ပေးနိုင်ဖို့အတွက် အခင်းအကျင်းတွေ အစီအမံတွေ လုပ်နိုင်အောင်၊ ဆုံးဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပဖို့၊ ဒီအချက်နှစ်ချက်က အဓိကအကျဆုံးပဲ ခင်ဗျား၊ အဲဒါတွေကို ကျနော်တို့ တောင်းဆိုနေပါတယ်။ အဲဒါတွေကိုလည်း ဦးဒေးဗစ်တို့ သဘောပေါက်ပြီးသား၊ သဘောတူပြီးသား ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ် ခင်ဗျား။

ဒေးဗစ်သကဘော်။ ။ ဟုတ်ပါတယ် ဒီအခြေခံဥပဒေက ကျနော်တို့ အစကတည်းကကိုက အစ မကောင်းဘူးဆိုတာ ကျနော်တို့မြင်ပါ တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့အခြေခံဥပဒေ အမျိုးသားညီလာခံခေါ်တယ်။ ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ရဲ့ ကိုယ်စားလှယ်တွေက ရှစ်ဖွဲ့မှာ တဖွဲ့လောက်ပဲပါတယ်၊ ဘာမှပြောရေးဆိုခွင့်လည်း မရှိဘူး။ အဲဒီကစပြီးမှ ကျနော်တို့ ဒီအခြေခံဥပဒေ တော့ ဘယ်တော့မှဒီမိုကရေစီရနိုင်ဖို့လဲ ဖြစ်နိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသားအခွင့်အရေးကိုလည်း အာမခံချက် ဘာမှမရှိဘူးဆိုတာ ကျနော်တို့ အစည်းအဝေးကတည်းက အဲလို မြင်ပါတယ်။

ဦးဝင်းတင်။ ။ ဟုတ်ကဲ့၊

ဒေးဗစ်သကဘော်။ ။ အဲဒါကြောင့် ကျနော်တို့က ဒီ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အဲဒီကနေပြီးမှ အခြေခံဥပဒေသစ်ရေးဆွဲရေး ဆိုတာကို ကျနော်တို့ ချမှတ်ထားတာရှိပါတယ်၊ အခုဟာကတော့ နိုင်ငံတကာကပြောတာပေါ့ဗျာ လုပ်ပါ ဒီဟာလေးလက်ခံလိုက်ပါ၊ နောက်တဖြည်းဖြည်းပြောင်းယူပါ၊ ကျနော်တို့ကပြောတယ် ဒီအခြေခံဥပဒေကြီးက ဘာမှပြောင်းလို့မရဘူး၊ ဒီမှာ လူထုနဲ့ဆွေးနွေးတာလည်း မရှိဘူး၊ သူတို့နည်းနဲ့ သူတို့ လက်သိပ်ထိုးပြီးတော့ လုပ်သွားတဲ့ကိစ္စ၊ နောက်ပြီးတော့ စစ်တပ်ကိုပဲ အာဏာပြန်ပေးတဲ့အခြေခံ ဥပဒေ ကနော်၊ ဘယ်လိုမှပြောင်းလို့မရဘူး။

ဦးဝင်းတင်။ ။ ဟုတ်ပါတယ်၊ ဦးဒေးဗစ် နဲ့ ကျနော်တို့ ပြောသွားသလောက်ကတော့ အခြေခံအကျဆုံးအချက်က ကျနော်တို့ ဒီစစ်မှန် တဲ့ ပြည်ထောင်စုပေါ်ထွန်းရေးပေါ့ဗျာ၊ အဲဒါကတော့ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ တန်းတူညီမျှရေးရယ်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရယ် ပေါ့ဗျာ နော့်၊ ဒီနှစ်ချက်ကအဓိကအကျဆုံး၊ ဒါသာလျှင် စစ်မှန်သောပြည်ထောင်စု ပေါ်လာလိမ့်မယ်ဟုတ်လား၊ ဒါကတချက်ပေါ့၊ နောက်တခုကတော့ ဒီလိုဟာမျိုးကို ရောက်ရှိဖို့ဆိုရင် လောလောဆယ် အဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျ နော်တို့ ၀ိုင်းဝန်းပြီးတော့ ဆန့်ကျင်ကြဖို့၊ ဒါမှမဟုတ်လို့ ရှိရင်လည်း ဒီအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့အတွက် ကျနော်တို့တောင်း ဆိုကြဖို့၊ ဒါဟာအဓိက ဖြစ်ပါတယ်။့ 

အဲဒီင်္တော့ အဲဒါတွေ အကုန်လုံးကိုလုပ်နိုင်ဖို့ဆိုရင် ကျနော်တို့ ရွှေဂုံတိုင်မှာ တောင်းဆိုထားတဲ့အတိုင်းပဲ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပဖို့ ပေါ့ဗျာ၊ တွေ့ဆုံဆွေးနွေးပွဲ ပြန်ကျင်းပဖို့နဲ့ပတ်သက်လို့ကတော့ ဒီအဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များကျင်းပဖို့၊ အလားတူပဲ ဒီဗမာပြည် ရဲ့ကံကြမ္မာကို ဖန်တီးတဲ့ ကိစ္စရပ်များမှန်သမျှမှာ တိုင်းရင်းသားများ မပါလို့ မဖြစ်ဘူး၊ တိုင်းရင်းသားတွေကို ကျနော်တို့ မေ့ချန်ထားလို့ မရဘူးဆိုတာ ကျနော်တို့လက်ခံပါတယ်။

အဲဒီတော့ ကျနော်တို့လိုချင်တာ အဓိက ပထမဦးဆုံးလိုချင်တာကတော့ ဒီနေ့ပေါ်ပေါက်နေ့တဲ့ ပြဿနာများ အထူးသဖြင့် ၂၀၀၈ အ ခြေခံဥပဒေများကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပဖို့ပဲဖြစ်ပါတယ်။ အဲဒီမှာလည်းတိုင်းရင်သားလူမျိုးစုများ အခန်းကဏ္ဍလည်း တော်တော်ကြီးမားစွာ ပါဝင်တယ်လို့ ကျနော်တို့ သဘောပေါက်ပါတယ် ခင်ဗျား။

ဒေးဗစ်သကဘော်။ ။ ဟုတ်ကဲ့ ကျနော်သဘောတူပါတယ်။ နောက်ပြီးတော့ ခုနက ဦးဝင်းတင်ပြောသွားတဲ့ ကျနော်တို့ သာတူညီမျှမှု ဆိုတာ ဟို ကျနော်ဆိုလိုချင်တာက ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့က absolute equality ဆိုတာထက် ကျနော်တို့ကတော့ ဟို ဟာပေါ့ Proportional equality အဲဒီအပေါ်မှာ အခြေခံပါတယ်။

ဦးဝင်းတင်။ ။ ဟုတ်ကဲ့

ဒေးဗစ်သကဘော်။ ။ နောက်ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကလည်း ကျနော်တို့ နအဖက မတရား ၀ါဒဖြန့်တာပေါ့ဗျာ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတာ ခွဲထွက်ရေးပဲ။ အမှန်တော့ မဟုတ်ပါဘူး၊ ကျနော်တို့ ပြည်ထောင်စုအတွင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့ဗျာ internal self determination ပေါ့ဗျာ အဲဒါကို ဆိုလိုတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ကျနော်တို့ စကားပြောခွင့်ရတာ ဦးဝင်းတင်။

ဦးဝင်းတင်။ ။ ဟုတ်ကဲ့ခင်ဗျား ကျနော်တို့ ၀မ်းသာပါတယ်၊ ကျနော်တို့ တိုင်းရင်းသားများရဲ့ အသံတွေကို ကျနော်တို့ကြားချင်ပါတယ် ကျနော်တို့ ဦးဒေးဗစ်တို့ရော သဘောတူညီကြတဲ့အတွက် သဘောညီကြတဲ့အတွက်ပေါ့ဗျာ။ ကျနော်တို့ အများကြီးလည်း ၀မ်းသာပါ တယ်။ နောက်လည်း ကျနော်တို့တွေ့ဆုံပြီးတော့ စကားပြောကြဦးစို့ရယ်လို့ ကျနော် ဖိတ်ခေါ်ပါတယ် ခင်ဗျား။

Read More...

Monday, October 26, 2009

Interview with Irrawaddy - Comming 2010

“နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး”

E-mailPrint

စစ်အစိုးရ၏ တင်းမာသော သဘောထားများကို ဝေဖန်ပြောဆိုရာတွင် အထင်ရှားဆုံး နိုင်ငံရေးသမား တဦး ဖြစ်သည့် ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို စတင် တည်ထောင်သူ များထဲတွင် ပါဝင်သော ခေါင်းဆောင်တဦးဖြစ်သည်။ ၎င်းသည် မြန်မာ စာနယ်ဇင်းလောက၏ အထင်ကရ သတင်းစာဆရာ တဦးလည်း ဖြစ်သည်။


ဦးဝင်းတင်သည် နိုင်ငံရေးနယ်ပယ်သို့ ရောက်ပြီး တနှစ်မပြည့်မီမှာပင် အထိန်းသိမ်းခံရသည်။ အင်းစိန်ထောင် တွင် ၁၉ နှစ်ကျော် ချုပ်နှောင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာလ က ပြန်လည်လွတ်မြောက်လာသည်။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု၊ ၂၀၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၊ စစ်အစိုးရ၏ အခြေခံဥပဒေ၊ NLD ၏ လက်ရှိ အခြေ အနေများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ကိုစိုးက ဆက်သွယ်မေးမြန်းရာတွင် ဦးဝင်းတင်က ပြောပြ ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။အနောက်နိုင်ငံတွေက စစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ထားတာတွေ ပြန်လည် ရုပ်သိမ်းရေး နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးက ဘယ်လောက် ဆက်စပ်နေပါသလဲ။

ဖြေ။ ။နိုင်ငံရေးမှာတော့ နှစ်ခုစလုံး ဆက်စပ်နေတယ်၊ တွေ့ဆုံ ဆွေးနွေးမယ် ဆိုရင် စစ်အစိုးရက ပါနေတယ်၊ ဒီ Sanction (စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု) က သူတို့ကို ချုပ်ကိုင်ထားတဲ့ဟာ။ အဲဒီတော့ ဒီနှစ်ခုက ဆက်စပ်နေ မှာပဲ။ ဒီ Sanction က ကျနော်တို့ကို အားဖြည့်ပေးတယ်လို့ မဆိုနိုင်ရင်တောင် ကျနော်တို့ကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အင်အားကြီးတဲ့ ရန်သူကို ချုပ်ကိုင်ရာ ရောက်တယ်။ ဘာနဲ့တူလဲဆိုရင် ကျနော်တို့ကို ဘီလူးကြီးက နှိပ်စက်နေတဲ့ အခါမှာ ဘီလူးကြီးကို Sanction လိုဟာမျိုးနဲ့ ကြိုးကွင်းစွပ်တယ် ဆိုရင် ကျနော်တို့ကတော့ အသက်ရှူချောင်တာ အမှန်ပဲဗျ။

ဒီ Sanction ဟာ ၃ မျိုးရှိမယ်လို့ ထင်တယ်၊ တမျိုးက အများပြည်သူတွေကို ထိခိုက်တဲ့ ဥပမာ အမေရိကန်က ပိတ်ဆို့တဲ့အတွက် အထည်ချုပ် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာ။ နောက်တမျိုးက စစ်ဗိုလ်နဲ့ အပေါင်း အပါတွေ ထိခိုက်တယ်၊ နောက်တခုက နိုင်ငံပေါင်း တော်တော်များများက လက်နက်ရောင်းဝယ်တာ မလုပ်တော့ တာ ရှိတယ်။ သုံးမျိုးထဲမှာ စစ်ခေါင်းဆောင်တွေကို၊ စစ်တပ်ကို ထိခိုက်တာ ဘာမှ ပြောစရာမရှိဘူး၊ သို့သော် ပြည်သူလူထုကို ထိခိုက်စေတဲ့ Sanction မျိုးဆိုရင်တော့ ကျနော်တို့ ဝင်ပြီးတော့ ပြေရာပြေကြောင်း ပြောမှာပဲ။

အဲဒီလို Sanction တွေ လျှော့တယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စအထိ တခါတည်း ဆက်သွားနိုင် တယ်လို့ ကျနော် ထင်တယ်၊ အခု ဒီ အမေရိကန်ရဲ့ မူဝါဒသစ်ဟာ Sanction နဲ့ ပူးတွဲပြီးတော့ လျှောက်မယ့် ကိစ္စ ပဲ။ ဒါဟာ Drama (ပြဇာတ်) ကြီး တခုပဲ၊ ကြားထဲမှာ ငိုခန်း၊ ရယ်ခန်းတွေ ပါမယ်၊ နှစ်ပါးသွားတွေ ပါမယ်၊ အမျိုးစုံ ပေါ့။ ဒါပေမယ့် နှစ်ပါးသွားတွေရော ဘာတွေရော ဘယ်လောက်ပဲ ရှိရှိ နောက်ဆုံးမှာ ဇာတ်ပေါင်းခန်း ရောက်ရ မှာပဲလို့ ကျနော်တို့က မှန်းတယ်။ အဲဒါကြောင့် ဒီ Sanction ဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ အတွက် ဘယ် လောက်အထောက်အကူဖြစ်မလဲဆိုတာကမှန်းလို့မရဘူး၊ ရွေးကောက်ပွဲ မတိုင်ခင်တော့ ဖြစ်ရမယ်၊ ဖြစ်ဖို့လိုမယ်။

မေး။ ။ အာဏာပိုင်တို့က အဲဒီရွေးကောက်ပွဲ လုပ်ဖို့ကြေညာထား တဲ့၊ ပြင်ဆင်ထားတဲ့ အပေါ် ဦးဝင်းတင်ရဲ့အမြင် ကို သိ ချင် ပါတယ်။

ဖြေ။ ။ မတ်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေ ပြင်ဖို့ မပြောနဲ့၊ အထိတောင် မခံနိုင် ဘူးလို့ ပြောတယ်၊ အခုကျတော့ အခြေခံဥပဒေကို ပြည်သူလူထုက အတည်ပြုပြီး ဖြစ်တဲ့အတွက် ထပ်ပြော မနေ နဲ့ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးမယ်လို့ ကြေညာလိုက်တယ်၊ နိုင်ငံရေး ပါတီတွေ အခြေခံ ဥပဒေကို လေးစား လိုက်နာရမယ်။ ရင့်ကျက်တဲ့သူတွေကို စောင့်ရှောက်မယ် ဆိုတော့၊ သဘောကတော့ သူတို့က ရင့် ကျက် တဲ့ လူ မဟုတ်ဘူးလို့ သတ်မှတ်တဲ့လူတွေကို၊ ရွေးကောက်ပွဲပြီးရင် အဲဒီကောင်တွေကိုတော့ နှိမ်ပစ်မှာပဲ ဆိုတဲ့ သဘောမျိုးဖြစ်နေတယ် နော်၊ အဲဒီ ၂ချက်က ထူးထူးခြားခြား ဖြစ်နေတယ်။

ရေရှည် အလားအလာကို မျှော်ကိုးပြီးတော့ ဆင်ခြင်တုံတရား ရှိတာ တဲ့၊ သူပြောတဲ့ ဆင်ခြင်တုံဆိုတာ မင်းတို့ ငြိမ်ငြိမ်နေလို့ ပြောတဲ့ဟာမျိုး၊ ရွေးကောက်ပွဲ အကြိုကာလမှာ ပြောနေတဲ့ အခြေခံမူတွေ သူ ပြင်ဆင်ပြီးပါပြီ လို့ ပြောတာမျိုးတွေ၊ ရွှေဂုံတိုင်ကြေညာချက်ထဲက တောင်းဆိုချက်တွေ ဒါတွေ အကုန်လုံး ပြောမနေနဲ့တော့၊ အနာဂတ်ကတော့ ပြီးနေပြီ။ တစည တို့ ဘာတို့ ပြောနေတဲ့ အနာဂတ်ကျရင် ပြင်သွားမယ်တို့ ဘာတို့ ဆိုတာ တွေ၊ ကျနော် ထင်တယ်၊ အဲဒီလူတွေကိုပါ ပြောရာရောက်တယ်။ သတ်မှတ်တဲ့အတိုင်း လိုက်လုပ် ဆိုတဲ့ ဟာမျိုး ဖြစ်နေတယ်။

မေး။ ။ အာဏာပိုင်တွေက အဲဒီလိုမျိုးလုပ်မယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း တွေကရော ဘာလုပ်သင့်တယ်လို့ ထင်မြင်ပါသလဲ။

ဖြေ။ ။ ထွက်ပေါက်လေး တပေါက်ကျန်နေတယ်။ အခြေခံဥပဒေ ပြင်လို့ တောင်းဆိုတာ သူတို့က မပြင်ဘူးလို့ ပြောတယ်ပေါ့၊ သို့သော် ကျနော်ကတော့ မျှော်လင့်ချက် မကုန်သေးဘူးဗျ။ ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တောင်း ဆိုမယ့်ဟာ ပေါ့ဗျာ၊ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုမယ် ဆိုရင်၊ ကျနော်တို့က ဖိနိုင်ရင် တစုံတရာသော နည်း ကျန်သေးတယ်လို့ ယူဆပါတယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ ဒီစကားဟာ အမေရိကန် ပေါ်လစီ အသစ်နဲ့ ပတ်သက်မယ် ထင်တယ်ဗျ၊ အမေရိကန်က လည်း တောင်းဆို ထားတာပေါ့၊ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာတွေပါမယ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆက်ဆံရေးတွေလည်း ပါမယ် ဆိုတော့ ဒါကို ရည်ရွယ်ပြီးသူ့ဘက်က အပြတ်ပြောတာလို့ ထင်တယ်၊ အဲဒီတော့ ဘယ်လောက်ပဲ အပြတ်ပြောပြော နိုင်ငံရေးဆိုတာက အပြတ်မဖြစ်နိုင်ဘူး၊ အခြေအနေ ပေါ်မှာပဲ မူတည်မှာကိုး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တောင်းထားတာ ရှိတယ်။ အမေရိကန်အစိုးရအနေနဲ့ ဟိုဘက်နယ်နဲ့ စစ်ဘက် နယ်နဲ့ ဆက်ဆံပါ။ သို့သော် တချိန်တည်းမှာပဲ ကျမတို့နဲ့လည်း တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု လုပ်ပါလို့ ပြောထား တဲ့ဟာ ရှိတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဘယ်လိုပဲပြောပြော ကျနော်တို့နဲ့ စစ်အစိုးရ ဆက်ဆံရေးက အခု ဒီ အမေရိကန် ပေါ်လစီကနေပြီးတော့ လမ်းဖွင့်ပေးနိုင်လိမ့်မယ်လို့ ကျနော်မှန်းတယ်။

မေး။ ။ အဲဒီ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတဲ့ နိုင်ငံရေးသမားတချို့ရဲ့ အယူဆကိုရော ဘယ်လို မြင်လဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်ကတော့ နည်းနည်း NLD နဲ့တောင် မတူချင်ဘူးပေါ့ဗျာ။ NLD ကို ဒီ ရွှေဂုံတိုင် ကြေညာစာတမ်း အထိကတော့ ကျနော်က လက်ခံတယ်၊ အကျဉ်းသားတွေ လွှတ်ဖို့၊ အခြေခံ ဥပဒေ ကို ပြင်ဖို့၊ နိုင်ငံတကာ ကွပ်ကဲမှုပါတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့၊ တွေ့ဆုံ ဆွေးနွေး ဖို့ပေါ့။ တွေ့ဆုံဆွေးနွေးရေးကတော့ ကျနော်တို့ အဓိက တောင်းဆိုချက်ပေါ့။

ဦးသုဝေတို့၊ တစညက ဦးခင်မောင်ကြီးတို့ ပြောနေသလို ၁ဝ နှစ် ၁၅ နှစ်မှာ ပြောင်းသွားမယ်၊ သူတို့ကတော့ ကျနော်တို့နဲ့ မပြောဘဲနဲ့ ကျနော်တို့ကို ချန်ပြီးတော့ သူတို့ကတော့ ရွေးကောက်ပွဲကို ဝင်မှာ။ အဲဒီတော့ ကျနော်က ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတဲ့သူကို လက်မခံဘူး၊ ဝင်သင့်တဲ့ အနေအထား ရှိအောင် ဖန်တီးကြပါ။ ပြင်လွယ် ပြောင်းလွယ်တဲ့ အခြေခံဥပဒေဖြစ်အောင် အခုကတည်းက စပြီးတော့ ဝိုင်းပြီးတော့ တောင်းခံကြရ အောင်လို့ ပြောတာပါ။

ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောတာ ကျနော်သဘောမတူဘူး၊ ရှေ့မှာဘာမှ မရှိတော့ဘူးဗျ။ အခြေခံ ဥပဒေ ပြင်လိုက်ရင် သင့်တင့်တဲ့ အသက်ရှူပေါက် သို့မဟုတ် ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီ သဏ္ဌာန်နဲ့ ပေါ့ဗျာ၊ လွှတ်တော်ထဲ လောက်တော့ ပြောခွင့်ဆိုခွင့် ရှိမယ်၊ လွှတ်တော်ထဲ ပြောခွင့်ဆိုခွင့် ရှိရာကနေပြီးတော့ လုပ်ငန်း တွေ လုပ်နိုင်မယ်။ ဒီအတိုင်းသာ သွားလို့ကတော့ ပြင်လို့ကို မရနိုင်ဘူး။ ဘာ အခွင့်အရေးမှမရှိဘူး၊ တိုင်းရင်းသား ဘက်ကလည်း ဘာမှ မရှိဘူး၊ ဒီမိုကရေစီ အင်အားစု ဘက်ကလည်း ဘာမှ မရှိဘူး။

အဲဒီတော့ အဆုံးအဖြတ် ပေးနိုင်တဲ့ နေရာဆိုတာ လွှတ်တော် ပေါ်လာမယ်၊ လွှတ်တော်ထဲ ရောက်ရင် ခင်ဗျားတို့ ပြောခွင့်ဆိုခွင့် ရှိမယ်၊ ဟုတ်တယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုတာက ဘာကို ဆုံးဖြတ်မှာလဲ ဆိုတော့ ဘာမှ မရှိဘူး။ ဘာမှ မလုပ်နိုင်ဘူး၊ သူတို့ရဲ့ နိုင်ငံရေးသဘောထားတွေ ပြောရဲလို့ စင်မြင့်ပေါ်က ပြောရတာမှတပါး ရှေ့ကို တိုးလို့ မရဘူးဗျ။ အဲဒါကြောင့် ရွေးကောက်ပွဲ မဝင်စဉ် ကာလမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်း ကြရအောင် လို့ ကျနော်က ပြောတာ။

မေး။ ။ ၂ဝဝ၈ အခြေခံ ဥပဒေထဲက ဘယ်အချက်တွေကို အရေးတကြီး ပြင်ဆင်စေချင်တာလဲ။

ဖြေ။ ။ အချက်ပေါင်း ၁၂ ချက်လောက် ရှိတယ်။ ပြောနိုင်တာက တပ်မတော်သည် နိုင်ငံရေး ဦးဆောင်မှုမှာ ပါဝင်ရမယ် ဆိုတဲ့ အခြေခံမူ အမှတ် ၆ ကို လက်မခံဘူးဗျ။ အခြေခံဥပဒေကို ၇၅ ရာခိုင်နှုန်း အထက်မှာ ရမှသာ ပြင်နိုင်မယ် ဆိုတဲ့ အချက်ကိုလည်း ပြင်ဖို့ပါတယ်။ နောက်တခုက တိုင်းရင်းသားဘက်ကို ကြည့်တဲ့ အခါကျတော့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာအတွက် ဗိုလ်သမ္မတ ကနေ ချပေးတာကို ဒီ အောက်ခြေက ငြင်းခွင့် မရှိဘူး။ အဲဒီလိုမျိုးဟာလေးတွေက ဒီ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ လည်း အဓိက အကျဆုံး ဖြစ်တယ်၊ ပြင်ဖို့ လို တယ်။

မေး။ ။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနဲ့ ပတ်သက်လို့ NLD ထဲမှာ သဘောထား ကွဲလွဲနေတာ၊ အငြင်းပွားဖွယ် ဖြစ်နေတာတို့နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကိုယ့်ခေါင်းဆောင်တွေကလည်း အရေးတော်ပုံက ထွက်လာတဲ့ ခေါင်းဆောင်တွေဗျ၊ ကျနော်လည်း အရေးတော်ပုံ ကာလတုန်းက စာနယ်ဇင်းသမဂ္ဂမှာ ခေါင်းဆောင်ခဲ့တယ်၊ ထောင်ထဲမှာ အနှစ် ၂ဝ လောက် နေခဲ့တဲ့သူ။ အဲဒီတော့ ဒီအရေးတော်ပုံ စံနဲ့ပဲ တိုင်းတာပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်က နည်းနည်း ခပ်ပြင်းပြင်းလေး စဉ်းစားတယ်၊ ပြောဆိုတယ်။

နောက်တပိုင်းကလည်းဘာလဲဆိုတော့ ၁၉၉ဝရွေးကောက်ပွဲ ရလဒ်က ကျန်နေတယ်ဗျ၊ ဒါကြီး ကို ကျနော်တို့ လက်ထဲမှာရှိတဲ့ စက္ကူစုတ်လေးလို၊ သစ်ရွက်ခြောက်လို၊ သစ်ကိုင်းခြောက်လို လွှင့်မပစ်နိုင်ဘူးဗျ၊ ဒါကြီးဟာ ကျနော်တို့တွေ ညံ့လို့၊ အခြေအနေမပေးလို့ သို့မဟုတ် စစ်အစိုးရ ဖိနှိပ်ချုပ်ချယ်လို့ ဘယ်လိုပဲပြောပြော အကောင်အထည် မဖော်နိုင်သေးဘူး။ အမျိုးသား ညီလာခံကြီးသာ ပြီးသွားတယ်၊ အခြေခံ ဥပဒေသာ ပြီးသွားတယ်၊ ဒီ ၁၉၉ဝ ရလဒ်ကို ဒီနေ့အထိ ပယ်ဖျက်ခြင်း မလုပ်နိုင်သေးဘူး၊ လုပ်လို့လည်း မဖြစ်ဘူးဗျ။

NLD ထဲမှာလည်းပဲ ဒီပါတီကို နှစ်ပေါင်း ၂ဝ လောက် ထိန်းသိမ်းလာတဲ့ လူတွေ ရှိတယ်၊ ကျနော်ကတော့ အရေးတော်ပုံမာန်နဲ့ လုပ်နေပါတယ်၊ ဒီ NLD ထဲမှာရှိတဲ့ တချို့ ပုဂ္ဂိုလ်တွေကတော့ ဆင်ခြင်တုံတရားဉာဏ်နဲ့ စဉ်းစားနေတယ်၊ မာန် နဲ့ ဉာဏ်နဲ့ကတော့ နည်းနည်းလေး တခါခါကျတော့ မာန်က နည်းနည်းတင်းတင်း ရှိမယ်၊ ဉာဏ်ကတော့ နှိုင်းနှိုင်းချိန်ချိန် ရှိမယ်။

ဒီစစ်အစိုးရက ပြောင်းမယ်လို့ သူတို့က နည်းနည်း ထင်နေတာ၊ ကျနော်ကတော့ မပြောင်းဘူးလို့ ထင်နေတယ်၊ အဲမှာ နည်းနည်း ကွဲနေတာပေါ့ဗျာ။ စစ်အစိုးရက သူတို့ကို လိုက်လျောမယ်၊ သက်ညှာမယ်၊ စစ်အစိုးရ ပျော့ ပြောင်းလာနိုင်တယ်၊ နားလည်မှုရှိလာနိုင်တယ်၊ အကောင်းဘက်ကို ရှေ့ရူလာနိုင်တယ်လို့ အဲဒီလို ထင်နေကြ တဲ့လူတွေပဲ။ စစ်အစိုးရကတော့ ခါတိုင်းခေါင်းမာသလို ခေါင်းမာနေတာပဲ၊ သူတို့ရဲ့သက်ဆိုးရှည်ဖို့၊ စစ်အုပ်ချုပ် ရေး ကို သက်တမ်းရှည်ဖို့ လုပ်တာပဲရှိတယ်။

ပြည်ပမှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေ၊ ရဟန်းတွေ၊ ဒီမိုကရေစီ အင်အားစု၊ လူမျိုးစုတွေကတော့ ဒီရွေးကောက်ပွဲ ကို သပိတ်မှောက်ကြမယ် ဆိုတဲ့ အသံမျိုးတော့ ထွက်နေတာပဲ။

ပြည်တွင်းမှာလည်း ဒီ ရွေးကောက်ပွဲကို ဝင်တော့မယ်လို့ ပြောတဲ့ နိုင်ငံရေး အင်အားစုပေါ့ သိပ်အင်အား ကြီးကြီး မားမားတော့ မဟုတ်ဘူး၊ သူတို့ရဲ့ ခေါင်းဆောင်မှု၊ သူတို့ရဲ့ သိက္ခာ သမာဓိ ကြီးတာတော့ မှန်ပါတယ်။ မြန်မာ ပြည် နိုင်ငံရေးကို ခြုံကြည့်လိုက်ရင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ ပြည်တွင်းရော ပြည်ပမှာရော သဘောထားက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြတ်ပြတ်သားသားပဲ၊ No လို့ အော်နေတာပဲ။ တဘက်ကလည်း တတိယ အင်အားစုလို့ ခေါ်တဲ့ အင်အားစုတွေ နောက်တခါ ငြိမ်းချမ်းရေး အဖွဲ့ တချို့ပေါ့၊ မွန်ထဲမှာ၊ ကချင်မှာ စသဖြင့် အဲဒီလိုဟာတွေကလည်း ရွေးကောက်ပွဲဘက်ကို ဆွဲနေတာပေါ့ဗျာ။

NLD က ၉ဝ တုန်းက ရွေးကောက်ပွဲ နိုင်ထားတယ်၊ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်နိုင်ခြင်း ဘာမှ မရှိဘူး။ အခုတခါ ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ကျောခိုင်းပြီးတော့ ဒီ အသစ်ဖြစ်တဲ့ ရွေးကောက်ပွဲကို ထပ်ပြီးတော့ အော်ရဦးမယ်ဆိုရင် NLD က တော်တော်ကို မျက်နှာပြောင်တိုက်ပြီး လုပ်မှသာ ဖြစ်မယ့် အနေထား မျိုး ဖြစ်နေတာကိုးဗျ။

NLD ကတော့ အခုထိတော့ ဘယ်ဘက်ကိုမှ မပါသေးတာ၊ အဲဒီဟာက လက်ရှိ နိုင်ငံရေး အနေထားပဲ၊ NLD ရွေးကောက်ပွဲ ဝင်တော့မယ်၊ သို့မဟုတ် မဝင်ဘူးဆိုရင် နိုင်ငံရေး ပိုပြီးတော့ ပြတ်ပြတ်သားသား ဖြစ်လာမယ်။

Read More...

Friday, October 16, 2009

U Win Tin - 2010 Boycott possible

ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်မှုများ ပေါ်ပေါက်နိုင်ဟု
ဦးဝင်းတင် ပြောကြား
NEJ / ၁၆ အောက်တိုဘာ ၂၀၀၉


ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲလွန်ကာလများတွင် နအဖအနေဖြင့် လုပ်ဆောင်ရမည့်ကိစ္စများကို မလုပ်ဆောင်ပါက ရွေးကောက်ပွဲဆန့်ကျင်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ဥရောပသံတမန်အဖွဲ့ကို အန်အယ်လ်ဒီက ပြောကြားခဲ့ကြောင်း သိရသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့် ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ အောက်တိုဘာ (၁၄) ရက်တွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောသည်။

ဥရောပသံတမန်အဖွဲ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွက် ရှေ့ဘာဆက်လုပ်မည် ဆိုသည်ကိုလည်း ထည့်သွင်းမေးမြန်းခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “ကျနော်တို့ ပြောဆိုဆွေးနွေးတဲ့ထဲမှာ တခုပါတယ်ဗျ။ ခင်ဗျားတို့ဘာလုပ်မှာလဲဆိုတာ ပါတယ်ဗျ။ ရွေးကောက်ပွဲကာလပေါ့ဗျာ။ မကြာခင်မှာ မှတ်ပုံတင်ကိစ္စ ပေါ်လာတော့မယ်၊ ရွေးကောက်ပွဲဥပဒေဆိုတာ ပေါ်မယ်။
နောက်တခုက ရှေ့မှာဘာရှိမလဲဆိုတော့ အခြေခံဥပဒေကို ပြောင်းပေး ပြင်ပေးဆိုတဲ့ လုပ်ငန်းတခုရှိမယ်ပေါ့ဗျာ။ နောက်တခါ အဲဒါပြီးရင်တော့ ရွေးကောက်ပွဲပေါ့” ဟု ပြောသည်။

အထက်ဖော်ပြပါအဆင့်များတွင် ရွေးကောက်ပွဲမတိုင်မီ အကြိုကာလတွင် all inclusive ဆိုသည့်အနေအထားကြောင့် အန်အယ်လ်ဒီကို ဘေးဖယ်ထုတ်ခြင်းမျိုး၊ လက်မခံနိုင်သည့် ပါတီမှတ်ပုံတင်ဥပဒေမျိုး ထုတ်လိမ့်မည်ဟု မယူဆကြောင်း တင်ပြခဲ့သည်ဟု ဦးဝင်းတင်က ပြောသည်။

“နောက်တခုက ဒေါ်စုကိုလည်း ရွေးကောက်ပွဲက ဖယ်မထုတ်ကြပါနဲ့၊ all inclusive ဆိုတာဟာ တကမ္ဘာလုံးကအော်နေတဲ့ တောင်းဆိုချက်ဖြစ်နေတဲ့အတွက် ဒေါ်စုကိုလည်း ရွေးကောက်ပွဲမ၀င်နိုင်အောင် အဲလိုစည်းကမ်းဥပဒေမျိုး ပါကောင်းမှ ပါလိမ့်မယ်လို့ ယူဆတယ်ပေါ့ဗျာ။ ဒါဆို နောက်တခုက အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ရောက်မယ်။ သူတို့ကလည်း ကျနော်တို့ တောင်းသလို ပြင်ပေးပါ၊ ဖျက်ပေးပါ၊ ပြောင်းပေးပါတို့ဆိုတာတွေကို သူတို့မလုပ်ဘူးဗျ။ အဲလိုဆို လုပ်စရာလမ်းက ဘာတလမ်းပဲ ရှိသလဲဆိုရင် တွေ့ဆုံဆွေးနွေးရေးစားပွဲပေါ်ကို အဲဒီကိစ္စတွေတင်ဖို့ပဲ ရှိတော့တယ်။ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကိစ္စကို တွေ့ဆုံဆွေးနွေးရေးစားပွဲပေါ် တင်ဖို့ပဲရှိတော့တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဥပေဒေပြောင်းလဲရေး ကိစ္စတခုတည်း၊ အန်အယ်လ်ဒီ၏ကိစ္စတခုတည်း မဟုတ်ဘဲ အမျိုးသားရေးကိစ္စများကို ဆွေးနွေးရမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်ရမည်ဟု ဦးဝင်းတင်က ပြောသည်။

တိုင်းရင်းသားကိစ္စများ၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ကိစ္စများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စများ၊ ပြည်သူလူထုကြား ကြုံတွေ့နေရသည့် မတရားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ဥပဒေနှင့်ပိတ်ပင်မှု၊ သတင်းစာလွတ်လပ်မှု စသည့် ရွေးကောက်ပွဲအကြိုကာလတွင် လုပ်ရမည့်ကိစ္စများ ပါဝင်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“သို့သော် အဲဒီကိစ္စတွေကို လုံးဝမစဉ်းစားဘဲ တွေ့ဆုံဆွေးနွေးရေးလည်း မရှိဘဲနဲ့ ရွေးကောက်ပွဲကို အတင်းဇွတ်ဆွဲခေါ်မယ်ဆိုရင် ဆိုပါတော့ဗျာ ကျနော်သုံးတဲ့စကားဆိုရင် ရွေးကောက်ပွဲတင်းကုပ်ကို ကျနော်တို့ကို နဖားကြိုးဆွဲလို့ဖြစ်ဖြစ်၊ မြက်ကျွေးလို့ဖြစ်ဖြစ် အတင်းခေါ်မယ်ဆိုရင်တော့ လူထုကလည်း ခံနိုင်မှာမဟုတ်ဘူး။ ကျနော်တို့လည်း မခံနိုင်ဘူး။ အဲလိုဆိုရင်တော့ ကျနော်တို့ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ကိစ္စမျိုးတွေ သို့မဟုတ် လူထုအင်အားနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဟာတွေ ပေါ်လာနိုင်တယ်လို့ ကျနော်တို့ တခုပြောပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်သည့်အနေအထားတွင် မရှိခြင်း၊ တရားဝင်ပါတီအနေဖြင့် ရပ်တည်နိုင်ရေး မနိုင်ရေးကိစ္စများရှိနေခြင်းကြောင့် ရွေးကောက်ပွဲလွန်ကာလတွင်လည်း ပေါ်ပေါက်လာမည့် လွှတ်တော်၊ အသက်ဝင်လာမည့် အခြေခံဥပဒေ စသည်တို့ကို ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများက လက်ခံနိုင်မည့် အနေအထားမရှိကြောင်း ၎င်းက သုံးသပ်ပြသည်။

“အဲလိုအခါမျိုးမှာလည်း ရွေးကောက်ပွဲအကြိုကာလတုန်းက သပိတ်လက်နက်တို့၊ လူထုဆန္ဒဖော်ထုတ်မှုတို့လို လှုပ်ရှားမှု သဏ္ဌာန်မျိုးနဲ့ ဆန့်ကျင်မှုစတာတွေတော့ ပေါ်နိုင်တယ်လို့ ပြောလိုက်တဲ့အချက်ရှိပါတယ်” ဟု ဦ၀င်းတင်က ပြောသည်။

၎င်းကဆက်လက်ပြီး အန်အယ်လ်ဒီအနေဖြင့် စုစုစည်းစည်းဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မမေ့ဘဲ၊ မစွန့်ပယ်ဘဲ ယင်းရလဒ်ကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

“၁၉၉၀ ရွေးကောက်ပွဲကို မေ့လို့မရဘူး။ ဒါကိုလည်း ကျုပ်တို့က မမေ့နိုင်ဘူး၊ မပစ်ပယ်နိုင်ဘူးဆိုတဲ့ သဘောနဲ့ အဲဒါကို မဏ္ဍိုင်ပြုပြီးတော့ လှုပ်ရှားမယ်လို့ ကျနော်ကတော့ ထင်နေတယ်ဗျ။ ပုံသဏ္ဌာန်အားဖြင့် ကျနော်မှန်းလို့ရတာကတော့ ဆန္ဒပြမှုတွေ၊ သပိတ်တွေ၊ ကန့်ကွက်မှုတွေဟာ ရွေးကောက်ပွဲအကြိုကာလမှာလည်း ပေါ်လာလိမ့်မယ်၊ ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ပေါ်လာလိမ့်မယ်လို့တော့ ထင်မြင်မိတယ်။ ဒါကြောင့်လည်း အီးယူကိုပြောတဲ့အထဲမှာ ဒီအချက်ပါပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။


Read More...

Thursday, October 8, 2009

U Win Tin met with Japan Diplomat - Khit Pyaing

ဂျပန်သံရုံးအတွင်းဝန်နှင့် ဦးဝင်းတင် တွေ့ဆုံ
မင်းနိုင်သူ / ၇ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ယမန်နေ့က ဖိတ်ခေါ် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

ဂျပန်သံရုံး၏ ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ “လွန်ခဲ့တဲ့ရက်ပိုင်းက ကျနော်က သတင်းမီဒီယာတခုမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဈေးကွက်တခုအနေနဲ့သာ မကြည့်ဘဲနဲ့ နိုင်ငံရေးဖြေရှင်းမှုတွေ လိုအပ်နေတဲ့နိုင်ငံ၊ မိမိတို့လည်း ပါဝင်ဖြေရှင်းဖို့ တာဝန်ရှိတဲ့ နိုင်ငံအနေနဲ့ အသိမှတ်ပြုပါဆိုတဲ့ သဘောပြောဆိုခဲ့ဖူးပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ တွေ့ချင် သိချင်တာလေးတွေ ရှိလို့ ကျနော့်ကို ဖိတ်တာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်နှင့် ဂျပန်သံရုံးတို့ ပထမအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ဦးဝင်းတင်က မြန်မာ့နိုင်ငံရေးအခြေအနေများကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့ကတော့ ဘယ်အိမ်နားနီးချင်းနဲ့မဆို နွေးထွေးစွာ ဆက်ဆံချင်တယ်။ ကျနော်တို့ ဒီမိုကရေစီအရေး လုပ်နေတဲ့သူတွေအပေါ်မှာလည်း စာနာထောက်ထားမှုတွေ ရှိစေချင်တယ်။ အဲဒီလိုနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်းပါတယ်။ ဂျပန်နိုင်ငံဟာ အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်သလို မြန်မာနိုင်ငံနဲ့လည်း သမိုင်းကြောင်းအရ ဆက်စပ်မှုတွေရှိခဲ့တယ်။ အဲဒီတော့ အနောက်နိုင်ငံတွေက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကာကွယ်စောင့်ရှောက်နေသလို ဂျပန်နိုင်ငံရဲ့ စောင့်ရှောက်မှုတွေကို ကျနော်တို့ တန်ဖိုးထားတယ်ဆိုတာကို ပြောတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန်းကရပ်ရန်ဆိုသည့် ထိရောက်သော ဖိအားပေးမှုမျိုးပြုသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုရာတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန်ဆိုသည့်အချက်နှင့် ယှဉ်တွဲတောင်းဆိုပေးရန်တို့ကို အဓိကထားပြောဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၄) နာရီခန့်မှစ၍ (၁)နာရီခန့် တွေ့ဆုံမှုတွင် ဂျပန်သံရုံးအတွင်းဝန်က ဦးဝင်းတင်၏ အမြင်သဘောထားများကို အဓိကထားမေးမြန်းခဲ့ပြီး တုံ့ပြန်ဆွေးနွေးမှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော မဲခေါင်ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုကားဒါးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။

အဆိုပါတိုက်တွန်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုပြီး အာဆီယံနိုင်ငံများအနေဖြင့်လည်း အလားတူတောင်းဆိုမှုများ ပြုသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။

“အာဆီယံလို အိမ်နီးချင်းအဖွဲ့အစည်းကိုလည်း ကျနော်တို့ တန်ဖိုးထားတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ကူညီစေချင်တယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှု အောင်မြင်မှသာလျှင် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ဒေသတွင်းတည်ငြိမ်မှုတွေ ရနိုင်မယ်။ စစ်အစိုးရပြောနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုသာ ဇွတ်တိုးပြီး သွားမယ်ဆိုရင် တနေ့သောအခါမှာ ဒေသတွင်းတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်

Read More...

U Win Tin in the News - NY Times - OCT 3 - 2009

October 3, 2009

Burmese Dissident Is Tested Anew as Party Agonizes Over Elections

YANGON, Myanmar — U Win Tin, Myanmar’s longest-serving political prisoner, was tormented, tortured and beaten by his captors in the notorious Insein Prison for nearly two decades. Now, at 80, he faces a new kind of torment: watching colleagues from his political party decide whether to play by the rules of the junta that put him behind bars.

Released in September 2008 after more than 19 years in prison, Mr. Win Tin remains remarkably upbeat and politically engaged. A co-founder of Daw Aung San Suu Kyi’s National League for Democracy, he is a vocal opponent of participation in the national elections planned for next year. The vote, along with the enactment of a new Constitution, would introduce a shared civilian and military government after four and a half decades of military rule.

But while the Constitution, passed in a disputed referendum held amid the widespread devastation from Cyclone Nargis in 2008, allows elected representation, it accords special powers to the military in what the junta calls “disciplined democracy.” Many critics call it a sham.

“The election can mean nothing as long as it activates the 2008 Constitution, which is very undemocratic,” Mr. Win Tin said in an interview.

His party, however, is split over whether to boycott the election. Some members say participating would mean losing a moral claim to the party’s landslide victory in the 1990 general election, which the junta ignored. Mrs. Aung San Suu Kyi, who has spent much of the period since then under house arrest and was sentenced to a new term of 18 months in August, has not made her views on the issue public.

Still, the Constitution offers some protections. In August, the International Crisis Group, a nongovernmental organization based in Brussels that seeks to prevent and resolve deadly conflicts, issued a report recommending that opposition groups take part in the election. It said that although the new Constitution “entrenches military power,” the changes at least established “shared political spaces — the legislatures and perhaps the cabinet — where cooperation could be fostered.”

And internationally, some policies toward Myanmar, formerly Burma, are shifting.

Last week, the Obama administration announced that it would engage the junta directly, while keeping sanctions in place. Secretary of State Hillary Rodham Clinton called for the unconditional release of political prisoners, including Mrs. Aung San Suu Kyi, and “credible, democratic reform.”

Mr. Win Tin said, “If the direct engagement of the U.S. will result in the release of all political prisoners and in a revision of the 2008 Constitution, then dialogue could begin between us and the junta, and we would consider running in the election.”

Mr. Win Tin — warm, razor-sharp and clearly determined — said the reason the junta released him, shortly before his prison sentence was completed, might have been to split the party. He admitted that “we are having some arguments about whether we are going to participate in the elections or not,” but insisted that there was “no conflict within the party now.”

Mr. Win Tin worked as a journalist and became secretary of the newly formed National League for Democracy before being jailed for three years in 1989. In 1991, he was given 10 more years for his involvement in popular uprisings in 1988 that were crushed by the military. In 1996, he was given seven more years for sending the United Nations a petition about abuses in Myanmar’s prisons. Much of the time, he was in solitary confinement.

“I could not bow down to them,” he said. “No, I could not do it. I wrote poems to keep myself from going crazy. I did mathematics with chalk on the floor.”

He added: “From time to time, they ask you to sign a statement that you are not going to do politics and that you will abide by the law and so on and so forth. I refused.”

When all his upper teeth were bashed out, he was 61. The guards refused to let him get dentures for eight years, leaving him to gum his food.

Last month, Mr. Win Tin was briefly detained after he wrote an opinion article that appeared in The Washington Post, criticizing the military junta and its plans for the election next year.

“I think they are trying to intimidate me, to stop me from appearing in the foreign media,” he said.

During the interview, on a cousin’s leafy porch in suburban Yangon, formerly Rangoon, government spies openly watched and took photographs from outside the gate.

Never married, Mr. Win Tin talks fondly of his adopted daughter, who lives in Sydney, Australia, after gaining political asylum 15 years ago. He has not seen her since.

Accustomed to a spare prison diet, he has one meal early in the day and a bit of fruit in the evening.

“I don’t want to be a burden on anyone,” he said.

Since his release, Mr. Win Tin has tried to reinvigorate the leadership of the National League for Democracy by stepping up the frequency of meetings and lobbying overseas governments. Mrs. Aung San Suu Kyi remains popular, despite her long years of detention, but the party has been crippled by the arrests of hundreds of younger members, Mr. Win Tin said.

“We have some young men, but they are followed and sent to jail all the time,” he said. “Sometimes, they go to the pagoda just for praying. They are followed and charged with something and sentenced.” Many are tortured, he said.

In one kind of torture, called “riding the motorcycle,” the subject is made to bend the knees, stand on tiptoe with sharp nails under the heels and make the sound of a revving engine. When the subject can no longer maintain the tiptoe stance, the nails penetrate the foot.

All but one of Mr. Win Tin’s eight colleagues on the party’s central executive committee are older than he is. The committee president and chairman, U Aung Shwe, is 92, and so infirm that he has not visited party headquarters for months. The party secretary, U Lwin, 87, is bedridden and paralyzed. The youngster in the group, U Khin Maung Swe, is in his mid-60s.

Despite the challenges his party faces, Mr. Win Tin remains optimistic.

“We expect democracy can happen anytime,” he said, recalling the country’s postcolonial democracy period from 1948 to 1962. “But sometimes, you have to sacrifice everything for a long, long time. It might extend for more than your life span.”

Read More...

U Win Tin met with Japan Diplomat

Read More...

Wednesday, August 5, 2009

U Win Tin Interview with Khit Pyaing before 8 8 2009

နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်
NEJ / ၅ သြဂုတ် ၂၀၀၉

၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ရလဒ်များနှင့် နိုင်ငံရေးအမြင်များကို ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်။

မေး။ ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုကြီးကို ကြုံတွေ့ဖြတ်သန်းလာခဲ့သူ တယောက်အနေနဲ့ ဒီအရေးတော်ပုံကြီး ဘယ်လိုပေါ်ပေါက်လာရတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ရှစ်လေးလုံးပေါ်လာတာ ရုတ်တရက်ထပေါ်လာတာမဟုတ်ဘူးလေ၊ နောက်ကြောင်းလေးကလည်းရှိတယ်။ နှစ်နဲ့ကိုချီပြီး ဖြစ်ခဲ့တာ။ ၆၂ ခုနှစ် စစ်အစိုးရတက်လာတော့ ကျောင်းသားတွေက ကန့်ကွက်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီပေါ်မှာ တည်ပြီး တော့ နောက်ဆုံး တက္ကသိုလ်သမဂ္ဂအဆောက်အအုံ မိုင်းဗုံးအခွဲခံရတဲ့အဆင့်အထိ ရောက်ခဲ့တယ်ပေါ့။ ဒါက စစချင်းဖြစ်တာ။ အဲဒီနောက်ပိုင်းမှာလည်း ဆန်စပါးရှားလို့ဖြစ်တာတွေ၊ တရုတ်-ဗမာအထိကရုဏ်းဖြစ်တာတွေ၊ နောက်ကျောင်းသားတွေ တောထဲမောင်းထုတ်တာတို့၊ ဖမ်းတာဆီးတာ၊ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေအထိပေါ့ဗျာ။ တလျှောက်လုံးဟာ အဲဒီကိစ္စတွေပေါ်တည်ပြီး ကျောင်းသားလူငယ်တွေရဲ့ မျိုးဆက်အသစ်တွေ အသစ်တွေက ဆက်လုပ်သွားတယ်ဆိုတာကို ပြတာပေါ့။

ဥပမာ ၁၉၆၂ ခုနှစ်လောက်က လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးတို့လို ခေါင်းဆောင်မှုကနေပြီးတော့ ပြောင်းလာလိုက်တာ ၈၈ နားရောက်တဲ့အခါကျတော့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မင်းဇေယျာတို့ စတဲ့ ကျောင်းသား ခေါင်းဆောင်တွေအထိ တက်လာပြီးတော့ နောက်ဆုံးပိတ်ကြတော့ ရှစ်လေးလုံး ပေါ်လာတာပဲပေါ့။

ရှစ်လေးလုံးကာလကို ပြန်ကြည့်တဲ့အခါကျလည်း စောစောကပြောခဲ့သလို ဒီကိစ္စဟာ ကျောင်းသားလူငယ်များရဲ့ လှုပ်ရှားမှုသက်သက်မဟုတ်ဘူး။ ရဟန်းသံဃာများ၊ စာနယ်ဇင်း စာပေသမားများအပါအ၀င် အားလုံးရဲ့လှုပ်ရှားမှုဖြစ်တဲ့အတွက် နောက်ဆုံးကြတော့ ဒီအရေးတော်ပုံကြီးပေါ်ခဲ့တယ်။ ဒါကြောင့် ဒီကာလ ဆန္ဒပြကြတဲ့အခါမှာ အလွှာအသီးသီးက အကုန်လုံးပါ တယ်။ အိမ်ရှင်မတောင်ပါတယ်ဗျာ။ ကျောင်းသားတွေက ခေါင်းဆောင်တယ်ဆိုတာမှန်တယ်၊ ကျောင်းသားလူငယ်များက ရှေ့ဆောင်တာပေါ့။ သို့သော် ရှစ်လေးလုံးဟာ ရုတ်တရက်ပေါ်လာခြင်းမဟုတ်ဘူး။ နှစ်ပေါင်း (၂၀) ကျော် တော်လှန်ရေးအစိုးရစတက်တဲ့ အချိန်ကစပြီး လူထုရဲ့ဆန္ဒတွေနဲ့ ရုန်းကန်မှုတွေနဲ့ ပေါ်ထွက်လာတာလို့ ပြောချင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုချက်က ဘာပါလဲဆရာ။

ဖြေ။ ။ အဓိကတောင်းဆိုချက်ကတော့ ဒီမိုကရေစီတောင်းဆိုချက်ပဲဗျ။ သို့သော် ပထမရက်ပိုင်းလေးမှာ တောင်းဆိုချက်တွေ ကတော့ မတရားဖမ်းဆီးချုပ်နှောင်တာတို့ကို ကန့်ကွက်တဲ့ဟာ၊ နောက်ကျောင်းသားတွေကလည်း သူတို့ရဲ့ တကသအဆောက်အအုံဖြစ်တာတွေ ဘာတွေနဲ့ပတ်သက်ပြီးတော့ အဲဒီတုန်းက အပြစ်ရှိတဲ့သူတွေကို အရေးယူဖို့ တောင်းဆိုတာမျိုးတွေ ပါလာတယ်။ စာနယ်ဇင်းသမဂ္ဂက ကျနော်တို့တွေဆိုလို့ရှိရင်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို တောင်းဆိုတာတွေ ပါတယ်ပေါ့ဗျာ။ နောက်တခါ ကွန်မြူနစ်အင်အားစုတွေအနေကျတော့လည်း အခြေခံဥပဒေကို ဖျက်သိမ်းဖို့ စသည်ပေါ့ဗျာ ဒီလိုတောင်းဆိုချက်တွေပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ မတရားဖိနှပ်မှုတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီးတော့ လူထုတွေအားလုံးက အုံကြွလာတဲ့သဘောပေါ့။
အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိကတောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ်ထူထောင်ဖို့ ဆိုတဲ့တောင်းဆိုချက်က အဓိကအကျဆုံးဖြစ်လာတယ်။

မေး။ ။ ဒီလို အရေးတော်ပုံကြီးရဲ့ရလဒ် ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေပါလဲဆရာ။

ဖြေ။ ။ အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုသော နိုင်ငံရေးခေါင်းဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူ နဂိုကတည်းက ခေါင်းဆောင်ဖြစ်နေတာမဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော်ပုံက မွေးထုတ်တဲ့ခေါင်းဆောင်။
နောက်အရေးတော်ပုံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အင်အားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ပြတဲ့ဟာကတော့ ရွှေတိဂုံအနောက်မုခ်မှာ ကျင်းပတဲ့ သူရဲ့ပထမဆုံးလူထုအစည်းအဝေးပေါ့ဗျာ။ အဲဒီအချိန်က ကျနော်လည်း စင်ပေါ်မှာရှိပါတယ်။ အဲဒီအချိန်မှာ လူထုအလွှာအသီးသီးက ပါဝင်လာကြတယ်။ လူ (၅) သိန်းလောက်ရှိမယ်။ အဲဒီထဲကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုသော ခေါင်းဆောင်တယောက်ပေါ့ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအနေနဲ့ နောက် သူ့ရဲ့ ပြောတာဆိုတာ လုပ်တာကိုင်တာတွေကို ကြည့်ပြီးတော့ ခေါင်းဆောင်မှုကို အလိုလိုရလာတယ်။ အဲဒီကနေပြီးတော့ တိုင်းရင်းသားတွေဆီကလည်း ရလာတယ်။ ကျနော်ပြောခဲ့တဲ့ လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားတွေကလည်း တော်တော်ကြီးကြီးမားမားကို ပါတယ်။ ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ကချင်တွေ ချင်းတွေ စသဖြင့်ပေါ့ဗျာ။

အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိကတောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ်ထူထောင်ဖို့ ဆိုတဲ့တောင်းဆိုချက်က အဓိကအကျဆုံးဖြစ်လာတယ်။ အဲဒီ ဒီမိုကရေစီမျှော်မှန်းချက်တွေဟာ နောက်ပိုင်းကျတော့ အန်အယ်လ်ဒီလို အဖွဲ့ချုပ်ကြီးပေါ်လာတယ်။ နိုင်ငံရေးပါတီတခု။ အရေးတော်ပုံကနေ ပေါက်ဖွားလာတာ။ ဒီအန်အယ်လ်ဒီနဲ့ ပတ်သက်လို့ ဘယ်လောက်ပဲ မကျေနပ်စရာတွေ ကောင်းကောင်း၊ ဘယ်လောက်ပဲအားနည်းတာတွေ ရှိတယ်ပဲပြောပြော၊ ဒီပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတာလို့ ကျနော်တို့ ပြောလို့ရတယ်ဗျာ။

ဒီအရေးတော်ပုံကြီးလည်း ဖြစ်လိုက်ရော ဒီမိုကရေစီပြောင်းလဲမှုတွေကို အမျိုးမျိုးနဲ့ ဟန့်တားဖို့ မဆလအစိုးရကလည်း လုပ်တယ်။ နောက်ဆုံး ရွေးကောက်ပွဲများ လုပ်ပေးမယ်ဆိုတာမျိုးလုပ်တယ်။ အဲဒီအချိန်ကာလတုန်းက သဘောထားက ဘာလဲဆိုရင် ကျနော်တို့ လက်မခံနိုင်ဘူး။ မဆလအစိုးရကလုပ်ပေးတဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ သန့်ရှင်းတယ်လို့ မယူဆနိုင်ဘူးဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲကိစ္စကနေ ဘယ်ကိုပြောင်းလာသလဲဆိုတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ဆိုတဲ့ဟာ တောင်းလာတယ်။ အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ခေါင်းဆောင်တွေ ပေါ်ထွက်လာတဲ့အချိန်မှာပဲ နိုင်ငံရေးသမားဟောင်းတွေကလည်း လူထုထဲပြန်ဝင်လာတယ်ပေါ့ဗျာ။ ဦးနုလိုပုဂ္ဂိုလ်မျိုး။ ဦးနုက အဲဒီအချိန်မှာ ကြားဖြတ်အစိုးရတခုကို ဖွဲ့လိုက်တယ်ပေါ့ဗျာ။ သူ့အစိုးရကို ဖွဲ့တယ်ဆိုပြီးကြေညာတယ်။ သို့သော် ဦးနုက ဆန္ဒစောသွားတာ။ ဦးနုက ကျောင်းသားလူငယ်တွေနဲ့ တခြားလူတွေနဲ့ ညှိပြီးတော့ ကျုပ်ကတော့ ကျုပ်အစိုးရ အရင်က ရှိခဲ့တယ်။ ခင်ဗျားတို့တာဝန်ပေးရင် ကျုပ်အစိုးရအဖွဲ့ကို လုပ်မယ်ဆိုတဲ့သဘောမျိုး မပြောဘဲနဲ့ သူ့ဟာသူ တဖက်သတ် သူ့အစိုးရတောင်းလိုက်တဲ့အခါကျတော့ သူ့အစိုးရပြိုသွားတယ်။ ပြိုသွားတဲ့ဟာကို ကြည့်ပြီးတော့ နောက်ပိုင်းမှာ လူတွေက ကြားဖြတ်အစိုးရတောင်းခြင်းသည်လည်း တကယ့်နိုင်ငံရေးဖြေရှင်းမှု ဟုတ်ရဲ့လား၊ မဟုတ်ရဲ့လား သံသယတွေက ဖြစ်လာတယ်။ တွန့်ဆုတ်မှုတွေပေါ်လာတယ်။ တချို့ကတော့လည်း တောင်းမယ်ပေါ့။ သို့သော် ကြားဖြတ်အစိုးရ တောင်းမယ်ဆိုတဲ့ဟာ ခိုင်ခိုင်မာမာပေါ်လာတဲ့အခါ မဆလက ကြားဖြတ်အစိုးရဖွဲ့စည်းရေးတောင်မလုပ်တော့ဘဲနဲ့ စစ်တပ်ကိုခေါ်ပြီးတော့ လက်အပ်လိုက်တာပေါ့။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံးစိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေတယ်။ နိုင်ငံရေးပါတီကြား၊ ကျောင်းသားလူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့ အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေ အားလုံး ဒီနေ့နိုင်ငံရေးဖြစ်ပေါ်မှုတွေအားလုံးဟာ ရှစ်လေးလုံးကနေ အခြေခံခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ရဲ့ အသီးအပွင့်တချို့ပေါ့ဗျာ။

မေး။ ။ နိုင်ငံရေး အသီးအပွင့်တချို့ဖြစ်ထွန်းခဲ့ပြီး ဘာကြောင့်အောင်မြင်မှု မရှိတာပါလဲဆရာ။

ဖြေ။ ။ ပြည်သူလူထုကလည်း ခြေကုန်လက်ပန်းကိုကျနေပြီ။ ဒီနေ့ဒီအခါဆိုတာ နည်းနည်းမဟုတ်ဘူး။ စစ်အစိုးရ လက်အောက်မှာနေရတာ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ထောင်သွင်းအကျဉ်းချမှုတွေ၊ တိုင်းသူပြည်သားတွေ စီးပွားရေးပျက်လာတာတွေ၊ တိုင်းသူပြည်သားက ကျောကော့နေအောင် ခံရတဲ့အခါကျတော့ အတော့်ကိုအားနည်းနေပြီ။ ဒါကအခြေခံတခုပေါ့ဗျာ။

နောက်တခုက နိုင်ငံရေးခေါင်းဆောင်မှုကျတော့ အန်အယ်လ်ဒီက ပြည်သူလူထုကို ခေါင်းမဆောင်နိုင်ဘူး။ သုံးသပ်ကြည့်ရတာ ဘာလဲဆိုတော့ အဓိကက အန်အယ်လ်ဒီက လွန်ခဲ့တဲ့ကာလတွေ တလျှောက်လုံးမှာ ဒေါ်စုက ထောင်ကျလိုက်၊ ဒေါ်စုက ထောင်ထဲက ထွက်လာတဲ့အခါ ဒေါ်စုက ပြန်ပြီးတော့ အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် ချက်ချင်းထောင်ထဲပြန်ရောက် စသဖြင့်ပေါ့ဗျာ။ အဲဒီကာလမှာ အန်အယ်လ်ဒီခေါင်းဆောင်မှုကလည်း ဘာအဓိကထားနေလဲဆိုတော့ ပါတီမပျက်ရေး၊ ပါတီပြိုကွဲမသွားရေး၊ ပါတီကို ထိန်းသိမ်းထားရေးဆိုတဲ့အနေနဲ့ထားပြီး တတ်နိုင်သမျှ စစ်အစိုးရအပေါ်မှာ ဆက်ဆံရေးက အတော်ကို တုံ့ပြန်မှုက အားနည်းတယ်။ အဲဒီအပေါ်မှာလည်း စစ်တပ်က ဒါကိုသေချာသိတယ်။ သိတဲ့အတွက် ထိန်းထားပြီးတော့ အန်အယ်လ်ဒီကိုလည်း ပြရုပ်အနေနဲ့ထားတယ်။ နိုင်ငံရေးလိုက်လျောမှုတွေမပေးဘဲနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်သထက်လုပ်နေတယ်။ အဲလိုအခြေအနေကြောင့် နိုင်ငံရေးခေါင်းဆောင်မှုမရှိတာလည်းပါတယ်။ ပြည်သူလူထု ခြေကုန်လက်ပန်းကျသွားတာလည်းပါတယ်။ စီးပွားရေးကျပ်တည်းမှုတွေပေါ့ဗျာ။ တောင်သူလယ်သမားတို့ ဘာတို့ကျတော့ လည်း စီးပွားရေးက တော်တော့်ကို ရုံးကန်လုပ်နေရတယ်။

နောက်တခုက ပြည်သူလူထုကြားထဲမှာ ခြေကုန်လက်ပန်းကျရတဲ့အကြောင်းက ဘယ်လိုလဲဆိုရင် ဥပမာ တခြားမပြောနဲ့ဗျာ။ လူထုအများစုဟာ ဆင်းရဲသားကိုမပြောနဲ့ တော်ရုံတန်ရုံ လူလတ်တန်းစားအထိလောက်မှာပင်လျှင် မိသားစုတစုဟာ အရင်တုန်းက အဖေအလုပ်လုပ်ရင် မိသားစုတစုလုံးစားနိုင်တယ်။ သို့မဟုတ် အဖေနဲ့အမေပါ အလုပ်လုပ်ကြမယ်ဆိုရင် ပိုပြီးတော့ ခိုင်ခိုင်မာမာလေးရပ်တည်နိုင်တယ်။ အဲလိုဆိုတဲ့အခါမှာ ကျောင်းသားလူငယ်ဆိုတဲ့သူတွေဟာ အသက် (၂၀) လောက်အထိကို စဉ်းစားနိုင်တယ်၊ လှုပ်ရှားနိုင်တယ်၊ နိုင်ငံရေးတို့ ဘာတို့ စဉ်းစားနိုင်တယ်။

ဒီနေ့ခေတ်ကျတော့ မိသားစုတစုထဲမှာ လူ (၅) ယောက်ရှိရင် အငယ်ဆုံး သားသမီးတယောက်လောက်ပဲ အလုပ်မလုပ်ဘဲ နေရမယ်။ ကျန်တဲ့လူက အလုပ်ဝိုင်းလုပ်မှသာလျှင် အိမ်ထောင်စုတစုကို ရပ်တည်နိုင်တဲ့ အနေအထားဖြစ်လာတယ်ဗျ။ စစ်အစိုးရကလည်း ဒါကိုသိတယ်။ ဒါကြောင့် စစ်အစိုးရက အများကြီးစီးပွားရေးကို သူတို့စစ်ဘက်မှာပဲ ပိုသုံးတယ်။ ပြည်သူအတွက် မသုံးဘူး။ ပြည်သူလူထုအနေနဲ့ကလည်း စားရေးသောက်ရေးတွက်ပြီး မိသားစုတစုမှာ လူ (၅) ယောက်ရှိရင် (၄) ယောက်လောက်က အလုပ်လုပ်နေရတဲ့အနေအထားမျိုးရောက်တယ်။ ဒီအခြေအနေတွေပေါ်တည်ပြီး နိုင်ငံရေးအားဖြင့် လည်းး ခြေကုန်လက်ပန်းကျလာတယ်။ နိုင်ငံရေးထဲမှာ ခြေစုံပစ်ဝင်နိုင်တဲ့အနေအထားမျိုး၊ ခြေစုံပစ်ပြီးတော့ ထောက်ခံနိုင်တဲ့ အနေအထားမျိုးက လျော့လာတယ်ပေါ့။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံက ရရှိခဲ့တဲ့ ဒီမိုကရေစီအသီးအပွင့်တချို့ကို ဘယ်လိုဆက်ပြီး အကောင်အထည်ဖော် နိုင်မလဲဆရာ။ ဒီလိုအရေးတော်ပုံမျိုး နောက်ထပ်ပေါ်ပေါက်ဖို့ရော အလားအလာရှိပါသလားဆရာ။

ဖြေ။ ။ ဒါကဘယ်လိုပြောရမလဲဆို ကျနော်တို့ရဲ့လုပ်ဆောင်ချက်ကြောင့်၊ ကျနော်တို့အားနည်းချက်ကြောင့်ဆိုရင်တော့ ပေါ်နိုင်တဲ့အနေအထားက မရှိဘူးဗျ။ သို့သော် negative side က ပြန်ကြည့်မယ်ဆိုရင် ဒီစစ်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုက မခံနိုင်လောက်အောင်ကို ဖြစ်နေတယ်။ အဲဒီအထဲမှာ နိုင်ငံရေးဦးဆောင်မှု အားနည်းခြင်းကြောင့်လည်း တဖက်ကနေ လျော့သွားတယ်။ တဖက်ကလည်း ဖိနှိပ်ချုပ်ချယ်မှုက အပြင်းထန်ဆုံးဖြစ်အောင်လုပ်နေတဲ့အခါကျတော့ ပြည်သူလူထုဆိုတာ ရှင်းရှင်းပြောရရင် စိတ်ဆိုးရင်ထပြီးဆူပူမယ်၊ ဆန္ဒပြမယ်ဆိုတာတာ ဖြစ်နိုင်တာကို။ နိုင်ငံရေးခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှုဖြစ်မလာဘူးဗျ။ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှုပေးနိုင်တဲ့ဟာမျိုးက အန်အယ်လ်ဒီမှာရှိတယ်။ ကျောင်းသားလူငယ်တွေ မျိုးဆက်သစ်လူငယ်တွေဆီမှာရှိတယ်။ ဒါပဲဗျ။

ဗမာပြည်ရဲ့ဒီနေ့နိုင်ငံရေးမှာ အရေးကြီးဆုံးက တိုင်းရင်းသားတွေ ဖြစ်ပေမယ်လို့ တိုင်းရင်းသားဆိုတာက လူနည်းစုကိုး။ ရန်ကုန်လို၊ မန္တလေးလိုနေရာမျိုး လူထုအုံကြွမှုတွေဖြစ်ဖို့ကျတော့ တိုင်းရင်းသားတွေက သိပ်ပြီးတော့ ဦးဆောင်နိုင်တဲ့ အနေအထားမရှိဘူး။ သူတို့ပါဝင်ရင် ပါဝင်မယ်ပေါ့။

နိုင်ငံရေးဦးဆောင်မှုပေးနိုင်တာက အဓိကအားဖြင့် (၂) ခုပဲရှိတယ်။ အန်အယ်လ်ဒီ နိုင်ငံရေးအတိုက်အခံ ဒီမိုကရေစီအင်အားစု၊ နောက်တခုကတော့ ကျောင်းသားလူငယ်ပေါ့။ အဲဒါကိုကြည့်တဲ့အခါကျတော့လည်း မြင်တဲ့အတိုင်းပဲ။ ကျောင်းသားလူငယ်က လည်း အကုန်လုံးလိုလို ထောင်ထဲရောက်တယ်။ ထောင်ထဲရောက်တာတောင်မှ အင်းစိန်လိုဟာမျိုး ထောင်ထဲရောက်ရင် အဆက်အသွယ်ရအုံးမယ်။ ဟိုးတပြည်လုံးဖြန့်ပြီးတော့ နယ်စွန်နယ်ဖျား ပူတာအိုတို့၊ ခန္တီးတို့၊ ကျိုင်းတုံတို့၊ မိုင်းဆတ်တို့၊ ဒီဘက် ဘူးသီးတောင်မောင်းတောတို့၊ ကော့သောင်းတို့ဆိုတဲ့အထိ ဖြန့်ချပြီးတော့ ကျောင်းသားအင်အားစုကိုလည်း ပြိုကွဲအောင် လုပ်ပစ်လိုက်တာကိုဗျ။ အဲတော့ နိုင်ငံရေးဦးဆောင်မှုပေးမယ့် အင်အားနှစ်ခုလို့ အဓိကပြောရမယ့် ကျောင်းသားလူငယ်နဲ့ အန်အယ်လ်ဒီလိုဟာမျိုးက မလုပ်နိုင်ဘူးဖြစ်နေတယ်။

ကောင်းပြီး အဲလိုဆိုရင် ခေတ်အဆက်ဆက်မှာ နိုင်ငံရေးဦးဆောင်မှု ပုံသဏ္ဌာန်တခုခုသာ ရလိုက်ရင် လှုပ်ရှားနိုင်တဲ့အင်အားက (၃) ခုရှိတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်ပေါ့။ သို့သော် ဒီအင်အားစုတွေဟာ နိုင်ငံရေးဦးဆောင်မှုနဲ့ ဆက်နေတာ၊ ဥပမာ ဆရာစံသူပုန်လိုဟာမျိုးဆိုရင် လယ်သမားက အုံကြွလာတယ်။ ဘာဖြစ်လို့ဖြစ်လဲ၊ ဂဠုန်ဆိုတဲ့ ဆရာစံလို ပုဂ္ဂိုလ်မျိုးတွေရဲ့ နိုင်ငံရေးဦးဆောင်မှုက ရှိခဲ့လို့ဗျ။ ကျောင်းသားအရေးတော်ပုံတွေဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်အောင်ကျော်တို့၊ ဦးဗဆွေတို့၊ သခင်ဗဟိန်းတို့ စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုက အများကြီးပါခဲ့တယ်။ နိုင်ငံရေးဦးဆောင်မှု ကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ဖြစ်နေတဲ့အနေအထားက ဒါပဲ။
အန်အယ်လ်ဒီဟာ ပါတီမပျက်ရေးသာရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့လူတွေရဲ့ အနေအထားကျတော့လည်း အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ထည်ထည်ဝင်ဝင်ပေါ့ဗျာ၊ ပြည်သူ့အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။

မေး။ ။ ဒါဆို အန်အယ်လ်ဒီ ဘာလုပ်သင့်ပါသလဲဆရာ။

ဖြေ။ ။ ဒါက အနာဂတ်နဲ့ချီပြောမှရမယ့်ကိစ္စဖြစ်တယ်။ အခုအစိုးရက ရွေးကောက်ပွဲကျင်းပမယ်။ ဘာလို့ကျင်းပမလဲဆိုတော့ သူတို့ရွေးကောက်ပွဲ ကျင်းပမှသာလျှင် သူတို့ ဓားပြတိုက်သလိုလုပ်ထားတဲ့ ပြည်သူ့ဆန္ဒနဲ့ (၉၂) ရာခိုင်နှုန်းနဲ့ ဖြစ်တည်လာတယ် ဆိုတဲ့ အခြေခံဥပဒေကို အတည်ပြုနိုင်မယ်။ ရွေးကောက်ပွဲတွေလုပ်မှ လွှတ်တော်ပေါ်မယ်။ လွှတ်တော်ပေါ်မှ အခြေခံဥပဒေကို အတည်ပြုနိုင်မယ်။ ဒီအခြေခံဥပဒေသာ အသက်ဝင်သွားမယ်ဆိုရင် သူတို့ဟာ လာမယ့်နှစ်ပေါင်း (၂၀)၊ (၂၅)၊ (၃၀)၊ (၄၀) တောင် လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာပေါ့။ ဖြစ်တာမဖြစ်တာ တပိုင်းပေါ့။

အခုအရေးအကြီးဆုံးက ဒီရွေးကောက်ပွဲကို ကျနော်တို့အသိအမှတ်မပြုဖို့၊ ကမ္ဘာကလည်း အသိအမှတ်မပြုဖို့ သို့မဟုတ် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်ဖို့၊ သို့မဟုတ် ဖျက်သိမ်းထားဖို့ ဖြစ်တယ်။ အဲဒီမှာ အဓိကသော့ချက်ကဘာလဲဆိုရင် ဒီအခြေခံဥပဒေကို ပြင်ပေးပါဆိုတဲ့ အချက်ပဲဖြစ်တယ်။ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်းသားလူမျိုးစုတွေကလည်း ဒီအခြေခံဥပဒေ ပြင်ပေးပါလို့ တောင်းဆိုနေကြတယ်။ ဒါပေမယ့် ကမ္ဘာက ပါမလာဘူး။ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ လုပ်ထားတဲ့ဟာမို့ သူတို့က သံရေးတမန်ရေးအရ ပြောနိုင်ပုံမပေါ်ဘူးနဲ့တူတယ်။ သူတို့က ဘာပြောနေလဲဆိုတော့ ရွေးကောက်ပွဲသန့်ရှင်းဖို့ လွတ်လပ်ဖို့ကိုပြောတယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ထည့်မစဉ်းစားဘူး။ အခြေခံဥပဒေပြင်ပေးပါ၊ အခြေခံဥပဒေ မပြင်ဘဲနဲ့တော့ ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့မထင်ဘူး။

ကျနော်ပြောချင်တာကတော့ လူထုဘက်ကို တွန်းဖို့ပဲ။ ကျနော်ရွှေဂုံတိုင်အစည်းအဝေးမှာ မိန့်ခွန်းပြောတယ်ဗျ။ အဲဒီမှာ သုံးချက်ပါတယ်။ တချက်က ဘာလည်းဆိုရင် မူလဘူတ မူဝါဒတွေ တောင်းဆိုချက်တွေဖြစ်တဲ့ ဥပမာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလိုဟာမျိုး၊ လွှတ်တော်ခေါ်ယူပေးရေးဆိုတဲ့ မူလတောင်းဆိုချက် ဒါတွေကို မစွန့်ဘူးလို့ ကျနော်တို့ပြောတယ်။ ကျနော်တို့ပါတီဝင်ထုကိုလည်း မက်ဆေ့ပေးတဲ့သဘောပဲ။ စစ်တပ်ကိုလည်း ကျနော်တို့ပြောတာပဲ။ ဒါတွေ ကျနော်တို့ မစွန့်ဘူးလို့။ နောက်တခုက ညီညွတ်ရေးကို ကျနော်တို့ပြောတယ်။ နောက်တခုကတော့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေး လုပ်ကြမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါဘာလို့ပြောလဲဆိုတော့ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးမလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာမမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင်တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး။ ဆိုတဲ့အနေအထားမှာရှိတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် လူထုလှုပ်ရှားမှုများ ပေါ်နိုင်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ လူထုကလည်း မကျေနပ်မှုတွေက များသထက်များနေတာလေ။ တနှစ်၊ နှစ်နှစ်လောက်အတွင်းမှာ စီးပွားရေး ကျဆင်းတာတွေရော၊ နအဖဘက်က မတရားဖိနှိပ်ချုပ်ချယ်မှုတွေကရော ဟိုးကျေးလက်အထိ ရောက်နေတယ်နော်။ ဒီအတောတွင်းမှာ ထပ်ပြီးဘာတွေပေါ်လာလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပြီးထောင်ထဲသွင်းဖို့လုပ်လည်း လုပ်ရော ကမ္ဘာတခုလုံးကလည်း ဖိနင်းလာလိုက်တာဟာ နောက်ဆုံးပိတ် သူတို့ရဲ့အနီးကပ်မိတ်ဆွေလို့ပြောရမယ့် တရုတ်လိုဟာကတောင်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဖို့ပြောလာတယ်။ အာဆီယံလိုဟာမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ပြောလာတယ်။ ကုလလုံခြုံရေးကောင်စီလိုဟာမျိုးက ဒေါ်စုကို လွှတ်ဖို့ပြောလာတယ်။ အဲတော့ နိုင်ငံတကာဖိအားတွေ ကြီးမားတာနဲ့အတူ ပြည်တွင်းမှာလည်း လူထုလှုပ်ရှားမှု သဘောမျိုးဆောင်တဲ့ အနေအထားမျိုး ပေါ်လာနိုင်တယ်လို့ ကျနော်တော့်ထင်တယ်။

အဲတော့ အဲလိုလှုပ်ရှားမှု ပေါ်လာမယ်ဆိုရင် ဘာအရေးကြီးလည်းဆိုရင် ရိုးရိုးတန်းတန်းထအော်လို့ကတော့ စစ်တပ်က သေနတ်နဲ့ ပစ်မှာပဲဗျာ။ ဒါမှမဟုတ်လည်း ထောင်ထဲဆွဲသွင်းမှာပဲ။ နှစ်မျိုးပဲလုပ်မှာပဲ။ တခြားနည်းနဲ့လုပ်ပေးဖို့ ဘာမှ ရည်ရွယ်ချက်မရှိဘူး။

လူထုအနေနဲ့ နိုင်ငံရေးဦးဆောင်မှုလိုမှာပဲ။ နိုင်ငံရေးဦးဆောင်မှုပေးနိုင်တဲ့အနေအထားက စောစောကပြောသလို ကျောင်းသားလူငယ်ရှိမယ်၊ အန်အယ်လ်ဒီရှိမယ်။ ကျောင်းသားလူငယ်က အားလုံးလိုလို ထောင်ထဲပို့ထားတဲ့အတွက် ကျောင်းသားလူငယ်အတွက် နိုင်ငံရေးဦးဆောင်မှု ပေးလာနိုင်တဲ့အနေအထားက နည်းမယ်။ အလားတူပဲ အန်အယ်လ်ဒီကရော အရေးပေါ်လာရင် နိုင်ငံရေးဦးဆောင်မှုပေးနိုင်မှာလား ဆိုတာကတော့ ပြောဖို့ တော်တော်ခက်တယ်။ အန်အယ်လ်ဒီတဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်အရသာဖြစ်လာမှာကိုး။

ကျနော်တို့အခုလုပ်နေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးအရဆိုရင်တော့ လူထုနဲ့အတူ ခံစားပါ။ လူထုဒေါသဖြစ်ရင်လည်း ကျနော်တို့ဖြစ်ရမှာပဲ။ လူထုငိုကြွေးရင်လည်း ကျနော်တို့ငိုရမှာပဲ။ လူထုက စိတ်ညစ်နေတယ်၊ ဒေါသဖြစ်နေတယ်ဆိုရင် ကျနော်တို့လည်း စိတ်ညစ်ဒေါသဖြစ်ရမှာပဲ။ ဒါတခုပေါ့။

နောက်တခုက လူထုကို ပြောပါ၊ ကြားပါ၊ လူထုကို ဆွေးနွေးရမယ်၊ ညှိနှိုင်းနိုင်ရမယ်။ လူထုရဲ့အသံတွေကိုလည်း နားထောင်နိုင်ရမယ်၊ ကြားနိုင်ရမယ်။ နောက်တခုကတော့ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ်ဆိုတာပါပြီးသားပါ။ အနည်းဆုံး လူထုကို နိုင်ငံရေးဦးဆောင်မှုကဏ္ဍ မပေးနိုင်ရင်တောင်မှ လူထုနဲ့အတူပါဖို့ဆိုတာကိုတော့ လုပ်သင့်တယ်လို့ ကျနော်ကတော့ယူဆတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျနော်တယောက်တည်းနဲ့တော့ ပြောလို့မရဘူး။

ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့သေချာတာတခုက ရွှေဝါရောင်တော်လှန်ရေးတုန်းက အန်အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့အနေအထားမျိုးကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ်လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထောင်ထဲမှာ ၂၀၀၈ မှ လွှတ်တာ။ အသေးစိတ် သိပ်မသိသော်ငြားလည်း အန်အယ်လ်ဒီက ၀င်ပြီး ခေါင်းဆောင်မှု မပေးနိုင်ခဲ့ဘူးဆိုတာတော့ ထင်ရှားတယ်ဗျာ။ ရွှေဝါရောင်နဲ့မတူတာက ဒီနေ့လှုပ်ရှားမှု ဖြစ်လာရင် ဖြစ်လာမယ့်ကိစ္စက ဒေါ်စုဗျ။ ဒေါ်စုဆိုတာ ကျနော်တို့အန်အယ်လ်ဒီရဲ့ခေါင်းဆောင်၊ နောက်တခုက ဒေါ်စုဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးရဲ့ခေါင်းဆောင်၊ နောက်တခါ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ယုံကြည်မှု အားကိုးမှုကို အများဆုံးရတဲ့ ခေါင်းဆောင်။ အဲတော့ ဒေါ်စုကိစ္စဖြစ်လာတဲ့အခါကျရင် အန်အယ်လ်ဒီနိုင်ငံရေးပါတီဝင်များဟာ ရွှေဝါရောင်တုန်းကလိုတော့ လက်ပိုက်ကြည့်နိုင်တဲ့အနေအထားမျိုးမရှိပါဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့ခေါင်းဆောင်ကိစ္စ၊ ကျနော်တို့အရေးကိစ္စဖြစ်နေတယ်။ ဒါ့အပြင် ဒီခေါင်းဆောင် ထောင်ကျသွားခြင်းအပေါ်တည်ပြီး ကျနော်တို့ ရှေ့ဆက်လှုပ်ရှားမှုထဲမှာ ရောပါမှာပဲလို့ တွက်မိတယ်ဗျာ။

Read More...